တကယ်လို့ သင့် Email, IM, Browsing history တွေကအစ အင်တာနက်မှာ မိမိပြုလုပ်သမျှ Activity တွေကို စောင့်ကြည့်နေတယ်ဆိုတာ သိရင် ရှော့ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒါကတော့ ဟိုတလောက နာမည်ကြီး အမေရိကန်စုံထောက်ဟောင်း စနိုဒန်ရဲ့ လူထုကြားကို ဖွင့်ချခဲ့တဲ့ NSA ရဲ့ XKeyscore ဆိုတဲ့ ပရော့ဂျက်အစိတ်အပိုင်းပါ။ NSA က သင့် Email အကောင့်ကိုစစ်ဆေးဖို့ ဝရမ်းလည်းထုတ်စရာမလိုဘဲ သင့်ရဲ့ activity တွေအားလုံးကိုစောင့်ကြည့်နိုင်ပါသတဲ့။ သင့်အနေနဲ့ http နဲ့ပဲဖြစ်စေ https နဲ့ပဲဖြစ်စေ လုံခြုံမှုမရှိနိုင်ပါဘူးတဲ့။ ဘုရားဘုရား တော်တော်ကို ကြောက်စရာကောင်းနေပါပြီ။ ဒီသတင်းဟာ Edward Snowden ရဲ့ the Guardian newspaper မှာဖွင့်ချလိုက်တဲ့သတင်းကနေလာတာပါ။ NSA အနေနဲ့လည်း XKeyscore ဆိုတာရှိကြောင်းဝန်ခံသွားပါတယ်။ သူတို့ကတော့ အထူးထိန်းချုပ်မှုရဲ့အောက်မှာ check and balance ဖြစ်အောင် လုပ်ထားပါတယ်လို့ပြောပေမယ့် တကယ်လို့မှ သူတို့ပြောသလိုမဖြစ်ခဲ့ရင် ကျွန်တော်တို့ အင်တာနက်မှာ မလုံခြုံတော့ပါဘူး။
XKeyscore မှာ ဆာဗာပေါင်း 700 နဲ့လည်ပတ်ထားပါတယ်။ သူ့ရဲ့ OS က Linux ပါ။ ကမ္ဘာတစ်ဝန်းမှာ နေရာပေါင်း 150 ထက်မက XKeyscore ဆာဗာတွေတည်ရှိနေပြီး အချိန်နဲ့အပြေးညီ information တွေကို NSA ရဲ့ဒေတာဘေ့စ်မှာ indexing လုပ်နေပါသတဲ့။
ဆာဗာအနေနဲ့ အင်တာနက်ပေါ်ကအကြောင်းအရာတွေကို ကြားဝင်ဖမ်းယူခြင်း data တွေကို analysis လုပ်ပေးခြင်း စတာတွေလုပ်ပေးနိုင်တယ်လို့ဆိုပါတယ်။။ XKeyscore အနေနဲ့ Gmail ကနေဘယ်သူပို့တာ ဘယ်သူကလက်ခံသူဆိုတာ သိစရာမလိုဘဲ Body Text မှာပါဝင်တဲ့စာသားတွေကို http packet sniffing
နည်းနဲ့ ဖော်ထုတ်နိုင်မှာဖြစ်ပါတယ်။ ဒီနည်းလမ်းတွေကိုအသုံးပြုပြီး 2008 ခုနှစ်တုန်းက အကြမ်းဖက်မှုတွေကို ဖော်ထုတ်နိုင်ခဲ့တာဖြစ်ပါသတဲ့။ NSA က ဘာကြောင့် XKeyscore လို https ကို ကျော်ဖြတ်နိုင်တဲ့နည်းတွေကို ဖန်တီးလိုက်တာလဲ။ ဒီလိုသာဆိုရင် https, PGP, VPN တွေက
လုံခြုံမှုမရှိနိုင်တော့ပါဘူး။ အဲလိုသာဆို ကျွန်တော်တို့ဟာ အနောက်နိုင်ငံများရဲ့ ခွင့်ပြုချက်မရဘဲနဲ့ အင်တာနက်မှာ လုံခြုံစွာ Facebook တွေသုံးဖို့ဆိုတာ စဉ်းစားစရာတွေဖြစ်လာပါပြီ။ :D
မှတ်ချက်။ အချို့သော Technical Tern များပါတဲ့စာကြောင်းရေများကို ဖယ်ထုတ်ပြီး ဆောင်းပါးပုံစံ နားလည်လွယ်အောင် ဘာသာပြန်လိုက်တာပါ။ မူရင်းဆောင်းပါးကိုဒီနေရာမှာ အပြည့်အစုံဖတ်နိုင်ပါတယ်။
http://www.extremetech.com/extreme/162739-xkeyscore-the-nsa-program-that-collects-nearly-everything-that-you-do-on-the-internet
0 comments:
Post a Comment
အနည်းဆုံးတော့ တစ်ခုခု ရေးခဲ့ပါ ဒေါင်းလို့မရရင်လဲပြောခဲ့ ပေးပါ