Android အမျိုးအစား တော်တော်များများကို အောက်ပါ Software နဲ့ အလွယ်တကူ Root ဖေါက်နိုင်ပါတယ်..။
Android Devices တွေကို Root ဖေါက်တော့မယ်ဆိုရင်....
Android Devices တွေကို Root ဖေါက်တော့မယ်ဆိုရင်....
ပထမ ဆုံး မိမိတို့  Device မှာ Setting အချို့ကို ပြင်ဆင်ပေးရပါမယ်.. အောက်ပါအတိုင်း မဖြစ်မနေ ပြင်ဆင်ပေးရပါမယ်...
Phone > Setting > Developers Option > USB 
Debugging ကို ON (or) Enable လုပ်ပေးပါ..။

ဒီနေရာမှာ နောက်ထွက်တဲ့ တချို့ ဖုန်းတွေနဲ့ v4.2,4.3,4.4 တွေမှာ Setting က Developers Option ကို ဖျောက်ထားတတ်ပါတယ်.. Developers Option   ကို ရှာမတွေ့ဘူးဆိုရင်တော့ အောက်ပါအတိုင်း ရှာနိုင်ပါတယ်..
Phone > Setting > About Phone မှာ Build Number ဆိုတဲ့ စာတန်းလေးကို အနည်းဆုံး  (5) ကြိမ်ကနေ (8) ကြိမ်အထိ ဆက်တိုက် နှိပ်ပေးလိုက်ပါ... ဒါဆိုရင် Setting မှာ Developers Option  ဆိုတာ ပေါ်လာပါပြီ..။
Root ဖေါက်တော့မယ်ဆိုရင် အပေါ်မှာပြောတဲ့အတိုင်း မဖြစ်မနေ အရင်ဆုံး ပြင်ဆင်ပေးရမှာပါ..။
ဒုတိယ ကတော့ Driver ပါ... မိမိကွန်ပျူတာမှာ သက်ဆိုင်ရာ Driver ကို အရင် Install လုပ်ထားရပါ့မယ်.... လိုအပ်တဲ့ Android USB Driver တွေကို  ဒီနေရာ ၊  ဒီနေရာ နဲ့  ဒီနေရာတွေမှာ  ရှာဖွေ ဒေါင်းယူနိုင်ပါတယ်..။
တတိယ အဆင့်အနေနဲ့ကတော့ Root ဖေါက်ပေးမဲ့ Software ကို မိမိကွန်ပျူတာမှာ Run ပေးရပါ့မယ်..
ဒီ  Software  ကို ဒေါင်းယူ Extract လုပ်ပြီး ပုံပါအတိုင်း Run လိုက်ပါ...။


စတုတ္ထ အဆင့်အနေနဲ့ မိမိဖုန်းကို USB ကြိုးကတစ်ဆင့် ကွန်ပျူတာနဲ့ ချိတ်ဆက်ပေးပါ..။
ကွန်ပျူတာက သိပြီဆိုရင် Start ဆိုတဲ့ Button လေးကို နှိပ်းလိုက်ပါ..။

 သူ့ဖာသာသူ အလုပ်လုပ်နေပါလိမ့်မယ်... Completed ဖြစ်သွားပြီဆိုရင် Cydia 
Impactor ဆိုတဲ့  Root Software ကို ပိတ်ပြီး ဖုန်းကို USB ကြိုးက ဖြုတ်လိုက်ပါ..။
 ပဉ္စမ အဆင့်အနေနဲ့ ဖုန်းက အလိုလို Restart သွားပါလိမ့်မယ်.. မကျဘူးဆိုရင် Power ခလုတ်ကို နှိပ်ပြီး ပိတ်ပြီး ပြန်ဖွင့်ပေးလိုက်ပါ..။
 
ဆဌမ အဆင့်အနေနဲ့ကတော့ ဖုန်းပြန်ပွင့်လာရင် Google Play Store ကိုဖွင့်ပြီး SuperSU ကို Install လုပ်ပါ.. ဒီနေရာက တဆင့်လည်း ဝင်ယူနိုင်ပါတယ်.. ဒါမှမဟုတ် ဒီနေရာက တဆင့် ဒေါင်းယူ Install ပြုလုပ်နိုင်ပါတယ်..။

ဆဌမ အဆင့်အနေနဲ့ကတော့ ဖုန်းပြန်ပွင့်လာရင် Google Play Store ကိုဖွင့်ပြီး SuperSU ကို Install လုပ်ပါ.. ဒီနေရာက တဆင့်လည်း ဝင်ယူနိုင်ပါတယ်.. ဒါမှမဟုတ် ဒီနေရာက တဆင့် ဒေါင်းယူ Install ပြုလုပ်နိုင်ပါတယ်..။

SuperSU application ကို ဖွင့်လိုက်ပါ.. ပုံပါအတိုင်း ဆက်လက်လုပ်ဆောင်သွားရုံပါပဲ..။

Root ဖေါက်တာ အောင်မြင်လား မအောင်မြင်လား သိချင်ရင် ဒီ Root Checker Application ကို ဒေါင်းယူ Install ပြီး Check ကြည့်လိုက်ပါ..။
မည်သည့်ဖုန်းမဆို Root ဖေါက်တာ အောင်မြင်ရင် မြန်မာစာ နဲ့  
မြန်မာကီးဘုတ်ထည့်ရတာ သိပ်မခတ်တော့ပါဘူး... မြန်မာစာနဲ့ 
မြန်မာကီးဘုတ်အတွက်တော့ ဒီနေရာကိုနှိပ်ပြီး မိမိဖုန်း Version နှင့် အဆင်ပြေရာကို ရှာယူထည့်သွင်းနိုင်ပါတယ်..။
ခင်မင်လျှက်
ဝင်းကမ္ဘာကျော်
www.winkabarkyaw.net 

 
 
 
 
 
 
 
 
 
0 comments:
Post a Comment
အနည်းဆုံးတော့ တစ်ခုခု ရေးခဲ့ပါ ဒေါင်းလို့မရရင်လဲပြောခဲ့ ပေးပါ