မိုဘိုင်းဖုန်းအသုံးပြုသူများ၏ ပျမ်းမျှဝင်ငွေမြင့်တက်လာပြီး 4G ကွန်ရက်ကို
 ထောက်ပံ့ပေးနိုင်သော မိုဘိုင်းဟန်းဆက်များကိုင် ဆောင်လာနိုင်သည့်အခါ နောက်
 ဆုံးပေါ်ကွန်ရက်ဖြစ်သည့် 4G ကွန် ရက်ကို အလွယ်တကူဖွင့်ပေးသွား 
မည်ဖြစ်ကြောင်း အော်ရီဒူးမြန်မာ မှပြောရေးဆို ခွင့်ရှိသူ ဒေါ်သီရိကြာညိုက 
ပြောသည်။     "နိုင်ငံတကာမိုဘိုင်းဖုန်းဆက် သွယ်ရေးကုမ္ပဏီတစ်ခုအနေနဲ့ 4G 
အဆင့်စဖို့ဆိုတာမခက်ပါဘူး။ ဒါပေမယ့် အသုံးပြုသူလက်ထဲမှာ 4G 
ကွန်ရက်ကိုထောက်ပံ့ပေးနိုင်တဲ့ 
လက်ကိုင်ဖုန်းတွေရှိနေဖို့လိုပါ တယ်။ 
မြန်မာနိုင်ငံမှာ ပျမ်းမျှဝင် ငွေစံနှုန်းမြင့်တက်လာပြီး လူတိုင်း လက်ထဲမှာ 
4G ကွန်ရက်အသုံးပြု နိုင်တဲ့ဟန်းဆက်တွေ ကိုင်ဆောင် လာနိုင်တဲ့အခါကြရင် 
ကွန်ရက်ကို ရုံးသုံးကွန်ပျူတာကနေ အဆင့် မြှင့်ပေးလိုက်ရုံပါပဲ" ဟု ဒေါ်သီရိ 
ကြာညိုကဆိုသည်။     လက်ရှိအချိန်၌ အော်ရီဒူး၏ အဓိက ပြိုင်ဘက်ဖြစ်သည့် တယ် 
လီနောသည် 2G နှင့် 3G ကွန် ရက်မိုဘိုင်းဖုန်းလိုင်းများကို ချ 
ထားပေးမည်ဖြစ်ပြီး အော်ရီဒူး သည် 3G အဆင့်မိုဘိုင်းဖုန်းလိုင်း 
တစ်ခုတည်းကိုသာချထားပေး မည်ဟု ကြေညာခဲ့ကြသည်။ ၄င်း တို့ကုမ္ပဏီနှစ်ခုသည် 
နောက်ဆုံး ပေါ်ကွန်ရက်ဖြစ်သည့် 4G ကွန် ရက်ကို အဆင့်သင့်ပြင်ဆင်ထား သော်လည်း
 မိုဘိုင်းဖုန်းလိုင်းများ ပထမအဆင့်စတင်အသုံးပြုခွင့် ပေးသည့်အခါ 
အဆိုပါကွန်ရက်ကို အသုံးပြုခွင့်ပေးအပ်သွားမည် မဟုတ်ကြောင်းသိရသည်။     "4G 
LTE စနစ်ကို ထောက်ပံ့ ပေးတဲ့ဟန်းဆက်တွေက ဈေး ကွက်ထဲမှာရောင်းအားနည်းသေး 
တယ်။ 4G ရဲ့အဓိက အားသာ ချက်ကတော့ ဗီဒီယိုစနစ်အရမ်း ကောင်းတာလို့ 
အကြမ်းဖျင်းပြော လို့ရတယ်။ ဈေးကွက်ထဲမှာ 4G စနစ်ကိုထောက်ပံ့ပေးတဲ့ ဟန်း 
ဆက်တွေ မရှိဘူးဆိုတာတော့ မဟုတ်ဘူး။ Samsung ရဲ့ Note 3 ဆိုရင်လည်း 3G နဲ့ 
4G ဆိုပြီး နှစ်မျိုး ဈေးကွက်ထဲမှာရှိနေတာပဲ။ ဒါပေမယ့် 4G စနစ်ပါလာရင် 
ဈေးက နှစ်သောင်းလောက်တော့ ကွာကြမယ်ထင်တယ်။ လူတွေက ဒီမှာလည်း 4G ကို 
သုံးလို့မရ တော့ ဈေးကြီးမသုံးကြတော့ဘူး" ဟု ACE ဟန်းဆက်အရောင်းဆိုင် မှ 
ဦးသန်းထိုက်ကပြောသည်။     အော်ရီဒူးမြန်မာသည် ၄င်းတို့ ၏ ဆင်းမ်ကတ်များကို
 လက်ကိုင် ဖုန်းများနှင့် တွဲဖက်ရောင်းချရန် ပြင်ဆင်ထားကြောင်း အဆိုပါ 
လက်ကိုင်ဖုန်းများသည် 3G ကွန် ရက်ကိုထောက်ပံ့ပေးနိုင်သည့် 
လက်ကိုင်ဖုန်းများဖြစ်ပြီး ဈေးနှုန်း ကို အများပြည်သူအသုံးပြုနိုင် 
သည့်ဈေးနှုန်းအဖြစ် သက်မှတ် ပေးသွားမည်ဖြစ်ကြောင်း ထုက် ပြန်ခဲ့သည်။ အလားတူ
 တယ်လီ နောသည်လည်း ၄င်းတို့၏ ဆမ်း ကတ်များကို မိုဘိုင်းဟန်းဆက် များနှင့် 
တွဲဖက်ရောင်းချပေးသွား မည်ဟုသိရသည်။
 
 
 
 
 
 
 
 
 
0 comments:
Post a Comment
အနည်းဆုံးတော့ တစ်ခုခု ရေးခဲ့ပါ ဒေါင်းလို့မရရင်လဲပြောခဲ့ ပေးပါ