ကမ္ဘာ့ဖလားဘောလုံးပွဲ
အထိမ်းအမှတ်အနေဖြင့် ပါဝင်ယှဉ်ပြိုင်သော
ဘောလုံးအသင်းများ၏စတစ်ကာ ရုပ်ပြောင်လေးများကို အခမဲ့ရယူနိုင်ရန်
ဖန်တီးပေးလိုက်ပြီဖြစ်ကြောင်း Viber က သတင်းထုတ်ပြန်သည်။ ‘‘
ကမ္ဘာ့ဖလားဘောလုံးပွဲစဉ်တွေနဲ့အတူဖြစ်ပေါ်လာတဲ့စိတ် လှုပ်ရှားမှုတွေ၊
ပျော်ရွှင်မှုတွေကို ကမ္ဘာ့နိုင်ငံ အသီးသီးမှာရှိကြတဲ့
မိတ်ဆွေသူငယ်ချင်းအချင်းချင်း လွတ်လပ်စွာအပျော်တွေကိုဖြန့်ဝေခံစားနိုင်ဖို့
Viber က အကောင်းဆုံးနည်းလမ်းတွေနဲ့ ပံ့ပိုးတဲ့ သဘောပါပဲ’’ဟုViber ၏
ထုတ်ကုန်ကိုယ်စားပြုအကြီးအကဲ Michael Shmilov ကပြောသည်။
Viber က ကမ္ဘာ့ဖလားပြိုင်ပွဲတွင်ပါဝင်ယှဉ်ပြိုင်သောနိုင်ငံ၃၂ နိုင်ငံ၏ဘာသာစကားနှင့် ယင်းတို့၏ အလံများဖြင့်ပြုလုပ်ထားသည့်ရုပ်ပြောင်စတစ်ကာများကို ပြုလုပ်ပေးလိုက်ခြင်းဖြစ်ပြီး အဆိုပါစတစ်ကာများ အနက် အချို့ကိုအခမဲ့ရယူနိုင်ပြီး အချို့ကိုငွေကြေးဖြင့်ဝယ်ယူနိုင်မည်ဖြစ်သည်။
Viber သည် မိုဘိုင်းဖုန်းများကိုအသုံးပြု၍ အင်တာနက်ကွန်နက်ရှင်(သို့မဟုတ်)ဝိုင်ဖိုင်ရှိရုံဖြင့် စာတို များပေးပို့ခြင်း၊ဖုန်းခေါ်ဆို ခြင်း၊ အသံ Message များပေးပို့ခြင်း၊ ရုပ်ပြောင်စတစ်ကာများ၊ ဓာတ်ပုံဗီဒီယိုများ အပြန်အလှန် ပေးပို့နိုင်ခြင်းနှင့် တည်နေရာများ မျှဝေခြင်းတို့ကိုအခမဲ့ပြုလုပ်နိုင်ခြင်းကြောင့်နိုင်ငံ တကာတွင်သာမက မြန်မာနိုင်ငံတွင်ပါ လူအများစုအသုံးပြုလျက်ရှိသော ဆော့ဖ်ဝဲတစ်ခုဖြစ်သည်။
ယခုအချိန်တွင် နိုင်ငံပေါင်း ၁၉၃ နိုင်ငံမှ Viber ဆော့ဖ်ဝဲကို အသုံးပြုသူဦးရေမှာ သန်း ၃၀၀ ကျော် ရှိနေပြီဖြစ်သည်။

http://www.7daydaily.com/
0 comments:
Post a Comment
အနည်းဆုံးတော့ တစ်ခုခု ရေးခဲ့ပါ ဒေါင်းလို့မရရင်လဲပြောခဲ့ ပေးပါ